Pages

အွန်လိုင်း Q နည်းများ


အရင်ဆုံး target ပစ်မှတ်တစ်ခုထားရမယ် ဖြစ်နိုင်ရင် သူ့တစ်ယောက်တည်းကိုပဲ အာရုံစိုက်ပြီး chat ရမယ် ။

ဒါမှ ကောင်မလေးက ကိုယ်ဆီပဲစိတ်ကရှိနေမှာပေါ့ သူက လူအများကြီးနဲ့ချက်နေမယ်ဆိုရင်တောင် ကိုယ်က သူနဲ့စကားပြောမပျက်တဲ့အတွက် သူက သတိထားမိလာလိမ့်မယ် .. နောက်တစ်ဆင့်က ခင်မင်လာလိမ့်မယ် ။

( ဘယ်နှစ်ယောက် နဲ့ချက်ပါလို့ မပြောလိုဘူးဗျ… ဒါက typing skill ပေါ်မှာမူတည်တယ်လေ ဒါကြောင့် ကိုယ်စာရိုက်တဲ့နူန်းမြန်ရင် သုံးလေးယောက်နဲ့ ချက်နေလည်း အိုကေပေါ့ )

ပြီးတော့ စကားပြောနေရင်း ထိကပါး ရိကပါးလေးတွေ ပြောတက်ရတယ် အွန်လိုင်းမှာ ပါးရိုက်လို့မှ မရတာနော့်.. သိပ်ကြောက်စရာတော့မရှိပါဘူး ။ (နှမချင်းစာနာစိတ်တော့ရှိကြပါဗျ)

ဥပမာဗျာ.. ကိုယ့်မှာရည်းစားမရှိဘူး.. မယုံရင် ချစ်ကြည့်လေ..ဆိုတာမျိုး

ဒါမှမဟုတ် ကျိန်ပြောတယ်ဗျာ.. တကယ်ပါ ရည်းစားမရှိဘူး ဤစကားမှန်ရင် ခင်ဗျားလေးက ကျုပ်ကိုချစ်လာပါစေ ဆိုတာမျိုးပေါ့… အဲ့လို အဲ့လိုပေါ့ဗျာ…ကျွန်တော်လည်း သိပ်ပြောတတ်ဘူးဗျ….အခြေအနေနဲ့အချိန်အခါပေါ်နင်းပြီး ပြောတက်ရတယ်

ကျွန်တော်ဆိုလိုတာက ဗျာ.. စကားလှလှလေးတွေ နုနုရွရွလေးတွေ ပြောတက်ရတယ်ပေါ့ ။

စကားလှလှလေးတွေပြောတက်ဖို့ဆိုရင် စာများများဖတ်ရတယ်ဗျ.. ( အချစ်ဝတ္တုလေးတွေဆို ပိုကောင်းတယ်ဗျ.. စကားလုံးလှတာတွေ့ရင် အလွတ်သာကျက်ထားပေတော့ )

ပြီးတော့ ဟာသဥာဏ်လည်းရှိတက်ရတယ် ။ သူ့ကို ဟာသတစ်ပုဒ်ကို copy paste လုပ်ပြီး တင်ပေးမယ့်အစား ကိုယ်က စာရိုက်ပြီး ပြန်ပြောပြကြည့်ပါ ။ တဖြည်းဖြည်း ရင်းနှီးမှုတိုးလာလိမ့်မယ်ဗျ ။

နောက်ပြီး.. အရေးအကြီးဆုံး အချက်က ကောင်မလေးကိုယ့်ကိုအထင်ကြီးလာဖို့ပဲ။ ကောင်မလေးတွေက များသောအားဖြင့် သူတို့အထင်ကြီးတဲ့ကောင်လေးတွေကို ကြိုက်လေ့ရှိကြတယ် ။ ဒါပေမယ့် ကြွားတာကိုတော့ မကြိုက်ကြဘူးဗျ…။ ဒါကြောင့် စကားပြောရင် သတိထားရတယ် ။

ဥပမာ ပြောရမယ်ဆိုရင်ဗျာ… ကိုယ် အလုပ်နည်းနည်းရှုပ်နေတယ်။ ခဏနော်…ဒယ်ဒီ့ကို ကူလုပ်ပေးနေလို့ ခဏလေးစောင့်နော်…. အဲ့လိုပေါ့ ။ ပါးပါးနပ်နပ်နဲ့ တစ်ခြားကောင်မလေးကို Q ဖို့ ကောင်မလေးကို အလိမ္မာသုံးပြီးစောင့်ခိုင်းတာပေါ့ ။

နောက်ပြီး ဖုန်းနံပါတ်ကို သိနေရုံလောက်နဲ့မတောင်းသင့်ဘူးဗျ ။ ဘာလို့လဲဆိုတော့ သူနဲ့ကိုယ့်မှာ စကားပြောစရာသိပ်မရှိသေးဘူးလေ ။ တော်တော်ကြာကြာရင်းနှီးပီးမှ တောင်းတာကောင်းတယ် ။ ဒီကြားထဲမှာ အဆင်ပြေသွားတယ်ဆိုရင်လည်း တစ်မျိုးပေါ့ဗျာ…။

ပြီးတော့ ဘယ်မှာနေလဲ ဆိုပီး အိမ်လိပ်စာအတင်းမမေးနဲ့ဗျာ…။ ကောင်မလေး လိပ်စာသိတော့လည်း ကိုယ်က သွားလည်လို့ရတာကြလို့ ။ အကျိုးမရှိတာ သိပ်မပြောနဲ့ဗျ ။

ပြီးတော့ အားရင် သီချင်းတို့ ပုံ တို့ကို ပို့ပေးရတယ်ဗျ.. ။ ( FWD မေးလ်သိပ်မပို့သင့်ဘူး ဘာလို့လဲဆိုတော့ အများကြီးပို့တဲ့အခါ သူကစိတ်ဝင်စားမှာမဟုတ်တော့ဘူးဗျ ။ mail ပို့မယ်ဆို သူ့တစ်ယောက်တည်းအတွက်ပဲ ရည်ရွယ်ပြီး ပို့တဲ့ mail ဖြစ်သင့်တယ်ဗျ ။

တစ်ယောက်ပို့ပြီး sent mail ကနေ နောက်တစ်ယောက်ကို ထပ်ပို့တော့လည်း သူသိမှာကြလို့

(facebook မှကူးယူဖော်ပြခြင်းဖြစ်ပါသည်)


ဟာသ (၁)

သဝန်တိုသူ ..

မိန်းမလုပ်သူသည် ယောက်ျား အပြင်က ပြန်လာတိုင်း ၎င်း ၏ အကျီကို စစ်ဆေးလေ့ ရှိသည် ၊င်္အကျီပေါ်တွင် ဆံပင် တစ်ချောင်းတွေ့ သည်နှင့် အခြားမိန်းမ နှင့် ပျော်ပါး ခဲ့သည် ဟု စွပ်စွဲကာ ဆူညံဆူညံ လုပ်လေ့ ရှိသည်၊တနေ့ ယောင်္က်ျားအပြင်မှပြန်လာသည်၊ ထုံစံ အတိုင်း ဆံပင်အကြွင်းကျန် များကို ရှာသည် ၊မတွေ့ ချေ၊သို့ နှင့် စိတ်ဆိုးမာန်ဆိုးဖြင့် 
" ဟင် ရှင် တော်တော် က မြင်းတယ် ၊ ဆံပင်မရှိတဲ့ မိန်းမကိုတောင် မရှောင် ဘူး " ဟုပြောလိုက်သည်၊



မဖြစ် ဘူး


"ဒေါက်တာ ကျွန်တော် အမြဲတမ်း စိတ်အားငယ်သလို ဖြစ်နေတယ် ဘာလုပ်ရမလဲဆိုတာ အကြံပေးပါအုံး "

" လွယ်လွယ်လေးပါ အလုပ်ထဲမှာ ခေါင်းမြုပ်ထားလိုက်ပေါ့ "
" ဟာ ဒါတော့ မဖြစ်ဘူး ကျွန်တော် က ဘိလပ်မြေဖျော်တဲ့ သူ "

(၁)ရှက်လို့
ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....
[?][?][?][?][?][?][?][?][?][?]
[?][?][?]
(၂)ရောဂါဟောင်း
ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်
သူ့ဆေးခန်းသို့ပထမဆုံးရောက်လာသည့်လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့်
ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့
ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၃)ရပ်မပေးနိုင်ပါ
ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ်စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၄)မောင့်အချစ်ကပိုပါတယ်
ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၅)ဒီလောက်ပဲတက်ဖို့လိုတယ်
ငါ့သား မင်းကျောင်းနေတာ ကြာလှပြီ။ ၁ ကနေ ၁၀ အထိပဲ ရေတက်ပြီး၊ ဒီထက်
ပိုမရေတက်သေးဘူး။ ကြီးလာရင် ဘာလုပ်စားမှာလဲ ။
လက်ဝှေ့ပွဲမှာ ဒိုင်လူကြီးလုပ်စားမယ်။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၆)ကယ်တော်မူပါ
သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(ရ)ဒါလည်းဟုတ်သားပဲ
ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၈)သူ့ကြောင့်မိုပါ
မင်းတို့ဆိုင်က ကြက်ဥတွေ သေးလှချည်လား၊ ခပ်ကြီးကြီးလေးလုပ်စမ်းပါ။
ဒါကတော့ ကျွန်တော်တို့ ဥတာမဟုတ်လို့၊ ကြက်မကို သွားပြောပါ ခင်ဗျာ။
[?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?][?]
(၉)မှားတက်ပလေ
ဝတ်ချင်သလို ၀တ်နေကြတဲ့ခေတ်ပဲ၊ ဟိုကလာနေတာ အင်္ကျီအကျား၊
ဆံပင်ဖားလျား၊ဘောင်းဘီတို နံ့နံ့ နဲ့ အထီးလား၊ အမလားတောင်
ခွဲလို့မရဘူး။
အဲ့ဒါ... ငါ့သမီးပါ။
အော်... ခွင့်လွှတ်နော်။ ဦးလေးသမီးမှန်း မသိလို့ပြောမိတာပါ။
ဟကောင်ရ... ငါက သူ့အမေကွဲ့။

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။ စိတ်ဖိစီးမှုတွေ၊
စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက်
ခဏသွားရင်း အပန်းဖြေနေမိတယ်။ ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း
ညည်းမိလိုက်တယ်။

{{ ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း
လုပ်ခဲ့ပါတယ်၊ ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ၊
ခုများငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး }}

ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်...

{{ ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်၊ မင်းရဲ့ ကုသိုလ်တွေအတွက်လည်း
ခံစားခွင့်ရမယ်၊
မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ}} တဲ့။

ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။{ ဒေါ်လာ ၁ သန်း လိုချင်တယ်}
- ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ ။

(အဟား ဒီလိုဆိုဟန်ကျတယ်)
၂။ {နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်}
- မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။
နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။
၃။{ ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့
အမြန်လမ်းတစ်ခုလိုချင်တယ်}
ဘုရားသခင်ကပြန်ပြောတယ်။
- {{ ရောဘတ်.... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။ လမ်းတစ်ခုဖောက်ဖို့ကျတော့
တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။ သူတို့ ပိုင်တဲ့ အိမ်တွေ
အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ}}

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။ {{ အင်းဟုတ်သားပဲ၊ ဒါဆို ဘာတောင်းရမလဲ}}
အဲ....သူ့မိန်းမကို သတိရလိုက်တယ်။ ဟုတ်ပြီ၊ ဟန်နီနဲ့ ငါနဲ့ ခဏခဏ
ရန်မဖြစ်ရအောင်.....

{{ အို.. ဘုရားသခင်၊ ကျွန်တော်မှာ
မိန်းမတွေကိုနားလည်နိုင်တဲ့စိတ်စွမ်းအင်မျိုးရချင်ပါ တယ်၊ သူတို့
ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊
သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ
မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့
ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊ အဲဒီလို
နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ
ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး
ကျွန်တော်လိုချင်ပါတယ်}} ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကိုနားထောင်ပြီးတဲ့ အချိန်မှာ စက္ကန့်အနည်းငယ်လောက်
တိတ်ဆိတ်သွားတယ်။ ပြီးတော့
သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

{{ ရောဘတ်၊ ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ }}

တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမ္ဘာကြီးမှာ နည်းပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း တိကျခိုင်မာလာပါတယ်။
အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု
ပြန်ပြုထားပါတယ်..
၂၀၂၀ မှာဖြစ်လာမယ့် ၀န်ဆောင်မှုကို သိချင်တယ်ဆိုရင်



အော်ပရေတာ။ "ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့
..."

စားသုံးသူ။ "ဟဲလို.... ကျွန်တော် မှာစရာရှိ..."

အော်ပရေတာ။ "ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ.."

စားသုံးသူ။ "အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ ..."

အော်ပရေတာ။ "ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃
အလင်္ကာလမ်း ဖြစ်ပြီး ရုံးဖုန်း ၄၆၈၂၇၂၉ နဲ့ မိုဘိုင်းဖုန်း ၀၆၉၃၈၃၇၂၇ ဖြစ်ပါတယ်။ ခု
ဆရာ ဘယ်နံပါတ်က ခေါ်နေတာပါလဲ ခင်ဗျာ.."

စားသုံးသူ။ "အိမ်ကပေါ့ကွ။ မင်းဘယ်လိုလုပ် ငါ့ဖုန်းနံပါတ်တွေ
အကုန်သိနေတာလဲ..."

အော်ပရေတာ။ "ကျနော်တို့က စနစ်အားလုံးနဲ့ ချိတ်ဆက်ထားလို့ပါ ဆရာ.."

စားသုံးသူ။ "ထားပါတော့... ခု ပင်လယ်စာ ပီဇာ မှာ ချင်လို့ .. ရမလား..."

အော်ပရေတာ။ "အဲဒါ ဆရာ့ အတွက် သိပ်မကောင်းပါဘူး.."

စားသုံးသူ။ "ဟ.. ဘာဖြစ်လို့တုန်းကွ..."

အော်ပရေတာ။ "ဆရာ့ရဲ့ ဆေးစစ်ချက်မှတ်တမ်း အရ၊ အခု ဆရာ့မှာ သွေးတိုးရှိနေတဲ့
အပြင် ကိုလက်စတော ပါဝင်မှုလည်းများနေပါတယ်..."

စားသုံးသူ။ "ဘာဖြစ်တယ်!!.. ဒါဆိုရင် မင်းကဘာကို စားသင့်တယ် ထင်လဲ..."

အော်ပရေတာ။ "ဆီပါဝင်မှုနည်းတဲ့ ဂျပန်စတိုင် ပီဇာ ကို စမ်းစားကြည့်ဖို့
ဖိတ်ခေါ်ချင်ပါတယ်.. ဆရာ ကြိုက်မှာပါ..."

စားသုံးသူ။ "မင်းက ဘာဖြစ်လို့ ငါကြိုက်မယ်လို့ သေချာပြောနိုင်ရတာလဲ..."

အော်ပရေတာ။ " ပြီးခဲ့တဲ့ အပတ်က ဆရာ နိုင်ငံပိုင် စာကြည့်တိုက်ကနေ
စာအုပ်တစ်အုပ် ဌားထားပါတယ်။ စာအုပ်နာမည်က " ထင်ရှားသော ဂျပန်စတိုင်
ဟင်းလျာများ " မို့လို့ပါ.."

စားသုံးသူ။ "ဟား.. ဟုတ်ပြီ. ဟုတ်ပြီ. ငါ အရှုံးပေးပြီ... ငါ့ကို မိသားစုစာ (၃)
ခု ပေးစမ်းကွာ.. ဘယ်လောက်ကျလဲ..."

အော်ပရေတာ။ "ဟုတ်ကဲ့.. ခုဟာကတော့ ဆရာ့ မိသားစု (၁၀) ယောက်လုံးစာ
လုံလောက်ပါတယ်... စုစုပေါင်း ၄၉.၉၉ ဒေါ်လာပါ..."

စားသုံးသူ။ "အကြွေးဝယ်ကဒ်နဲ့ ပေးလို့ရလား.."

အော်ပရေတာ။ "ဆရာ ကျနော်ကို လက်ငင်းငွေသားနဲ့ ရှင်းပေးစေချင်ပါတယ်... ဆရာ့
အကြွေးဝယ်ကဒ်က သုံးခွင့်ပြုထားတဲ့ ပမာဏထက် ကျော်နေပါပြီ။ နောက်ပြီး ဆရာ ဘဏ်ကို
ပေးစရာ ၃၄၇၆.၄၅ ဒေါ်လာ ရှိနေတာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကတည်းကပါ... အဲဒါ
ဆရာ့အိမ်ဌားခ တွေမပါသေးပါဘူး..."

စားသုံးသူ။ "ဒါဆို မင်းဆီက လာပို့တဲ့လူ မလာခင် ငါက ဒီနားက အေတီအမ် စက်မှာ
သွားပြေးထုတ်ထားရမယ် ထင်တယ်..."

အော်ပရေတာ။ "ဆရာ ထုတ်လို့ရမှာ မဟုတ်ပါဘူး.. မှတ်တမ်းတွေအရ၊ ဆရာ ဒီနေ့အတွက်
ခွင့်ပြုပမာဏကို ထုတ်ယူပြီး ဖြစ်နေပါပြီ..."

စားသုံးသူ။ "ကိစ္စမရှိပါဘူး.. ပီဇာကို သာရောက်အောင် ပို့လိုက်ပါ.. ငါ့ဆီမှာ
ငွေသားရှိပါတယ်... ဒါနဲ့ ဘယ်လောက် ကြာမလဲကွ..."

အော်ပရေတာ။ "(၄၅) မိနစ်လောက်တော့ ကြာပါမယ်ဆရာ..ဆရာ မစောင့်နိုင်ဘူး
ဆိုရင်တော့ ဆရာ့ဆိုင်ကယ်ကို စီးပြီး လာယူလို့ရပါတယ်...

စားသုံးသူ။ "ဘာ!!!"

အော်ပရေတာ။ "စနစ်တွေမှာ ဖော်ပြထားတဲ့ အသေးစိတ် အချက်အလက်တွေအရ၊ ဆရာ့မှာ
ဆိုင်ကယ်တစ်စီးရှိပြီးတော့ မှတ်ပုံတင်နံပါတ် ၉၂၇၃၄၈ .....

စားသုံးသူ။ "?????????"

အော်ပရေတာ။ "ဘာအလိုရှိသေးပါသလဲ ဆရာ.."

စားသုံးသူ။ " မရှိဘူး !! စကားမစပ် ကိုလာ (၃) လုံးလောက် ကြော်ငြာအနေနဲ့
မပေးနိုင်ဘူးလား.."

အော်ပရေတာ။ "သာမန်အားဖြင့်တော့ ပေးနိုင်ပါတယ်.. ဒါပေမယ့် မှတ်တမ်းတွေအရ..ဆရာ့မှာ
ဆီးချို....."

စားသုံးသူ။ "***%&$%%### $##$%%@!)))"

အော်ပရေတာ။ "ဆရာ ပြောတာဆိုတာ ကိုကြည့်ပြောရင် ကောင်းပါမယ်.. ဆရာ ၁၉၈၇
ဇူလိုင်လ (၁၅) ရက် တုန်းက ဆရာ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုမှု အတွက်
အပြစ်ဒဏ်ချခံရဖူးတာ အမှတ်ရပါ.."

စားသုံးသူ။ မူးလဲသွားပါတယ်...

ကျွန်တော်တို့ ၀န်ထမ်းတွေစုပြီးတော့ ဘုရားမှာလုပ်အားနဲ့တတ်နိုင်သမျှကုသိုလ်ယူကြတယ်ပေါ့ မြေတူး အုတ်သယ်ပေါ့ အဲ့ဒီလိုလုပ်နေတုန်းမှာ ကားတစ်စီးက ကျွန်တော်တို့ နားက ဖြတ်သွားတယ် သားမိနှစ်ယောက်ပေါ့ ကလေးရဲ့အမေက ပြောတယ်သူ့သားကို လက်ညှိုးထိုးပြီတော့ပေါ့ ပြီတော့ ကားကို ပြန်မောင်းထွက်သွားတယ် ကျွန်တော့သူငယ်ချင်းက ဒေါသတွေထွက်ပြီးကျန်ခဲ့တယ် ပြီတော့ ကျွန်တော်တို့လည်းချော့၇တာပေါ့ အဲ့ဒီလိုချော့ပြီးမှာ သူကမခံနိုင်လို့ပြန်ပြောတော့မှာ ကျွန်တော်တို့လည်း အရမ်းကို ဒေါကန်ခဲ့ရတာပေါ့ဗျာ သူဘာပြောလိုက်လဲဆိုတော့ ( ငါ့သားပညာမတတ်ရင် မင်းကြည့်ထားလိုက် အဲ့ဒီကောင်တွေလိုပဲ မင်းလုပ်ရမယ်ဆိုတာ မင်းမသေမချင်းမှတ်ထားလိုက်တဲ့ ) ကဲအေးရော

မတွဲစားသင့်သောအစာများ
ယောင်ပြီး စားမိမှာစိုးလို့......
၁။ ငရုတ်သီးနှင့်  တရုတ်ကြီး
၂။ သကြားခဲနှင့်  ရထားတွဲ
၃။ ခွေးရိုးနှင့်  သေးအိုး
၎။ ခြင်းတောင်းနှင့်  ထင်းချောင်း
၅။ လက်ဖက်နှင့်  တဘတ်
၆။ ထန်းရွက်လိတ်နှင့်  ပုရွက်ဆိတ်



၇။ ၀က်မြီးနှင့် လက်နှီး
၈။ ညောင်သီးနှင့် ကြောင်ချီး
၉။ ဗလာစာအုပ်နှင့်  ဌာပနာထုတ်
၁၀။ ကျွဲချိုနှင့် ရဲယို
၁၁။ သလဲသီးနှင့်  ငရဲမီး
၁၂။ ဒေါက်ချွန်နှင့် မျောက်ဝံသား
၁၃။ ဓါတ်မီးနှင့်  လက်သီး
၁၄။ ပလာတာနှင့်  ပလာယာ



၁၅။ သကြားသီးနှင့်  ကုလားကြီး
၁၆။ ကြံချောင်းနှင့် သံချောင်း
၁၇။ ခေါင်းလောင်းနှင့်  ခေါင်းပေါင်း
၁၈။ ဖိနပ်စုတ်နှင့်  လက်ဖက်ပုပ်
၁၉။ ဇီးယိုနှင့် မီးဖို
၂၀။ ဆော့ ပင်နှင့် ဆော့ ချဉ်
၂၁။ ၀က်သားနှင့် ဓာတ်ပြား



၂၂။ ပဲပြုတ်နှင့် တဲပုတ်
၂၃။ ကြက်သားနှင့် ငှက်ဖျား
၂၄။ ဖက်လုံးနှင့် ဓါတ်လုံး
၂၅။ ခေါင်းအုံးနှင့် စလောင်းဖုံး
၂၆။ နာနတ်ယိုနှင့် ဖိနပ်တို
၂၇။ တောင်းစုတ်နှင့် မြောင်းပုပ်
၂၈။ ခြင်ထောင်နှင့် ယင်ကောင်
၂၉။ ဖက်ထုပ်နှင့် ကြွက်စုတ်



၃၀။ ၀က်အူသုတ်နှင့် စက္ကူစုတ်



စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၄င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

ချောလို့ ဟုတ်ဖူး

“ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”
“ဘာဖြစ်လို့လဲ”
“တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ မနေ့က ပြောင်းထိုင်လိုက်လို့လေ”

ဈေးလျှော့ ပါ

ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊
အရောင်းသမ ကို မေးသည်။
“ဈေးဘယ်လောက်လဲ ”
“၄၀ ပါ”
“၃၀ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်”

တယောဆရာ

လူနာကို ခွဲစိတ်ရန်အတွက် အားလုံးအသင့် ဖြစ်နေပြီဖြစ်သည် . .
. . လူနာက ခွဲစိတ်ဆရာဝန်ကို မေးသည်။
“ ဒေါက်တာ . . ကျွန်တော့ အူအတက်ဖြတ်ပြီးရင် တယောထိုးနိုင်မလား ခင်ဗျာ . . ”
“ ထိုးနိုင်ပါတယ်”
“ ဟန်ကျတာပဲ . . ကျွန်တော် တယော တစ်ခါမှမထိုးဖူးဘူး ။အခု ထိုးနိုင်တော့မယ်တဲ့”

တံဆိပ်ခေါင်းစုတယ်

“ ကျွန်မ သိပ်ပြီး အထီးကျန်နိုင်တာပဲရှင်” ဟု မေရီက မိမိနှင့် တွဲကနေသူ လူငယ်ကို ပြောသည်။

“ လန်ဒန်ကို ကျွန်မယောက်ျား ၂ လတိတိ ခရီးထွက်သွားတယ်ရှင်”

“ ဟန်ကျတာပဲ ” ဟု လူငယ်က ၀မ်းသာအားရ ပြောသည်။

“လန်ဒန်ကနေပြီး သူပို့တဲ့စာတွေ လာရင် ကျွန်တော့်ကိုတံဆိပ်ခေါင်းတွေ ပေးနော်”

ဘာကောင်လဲ

“ချာတိတ် . . မင်း ဘာဖြစ်လို့ ငိုနေရတာလဲကွ”

“ မေမေက ဖေဖေ့ကို ဆင်ရိုင်းကြီးလို့ပြောတယ် ။ ဖေဖေက မေမေ့ကို ကြက်မကြီးလို့ ပြန်ပြောတယ်”

“ အဲ့ဒါနဲ့ ငိုရရောလား ကလေးရဲ့”

“ စဉ်းစားကြည့်လေ . . ကျွန်တော်က ဘာကောင်ဖြစ်မလဲ”

စိတ်မဆိုးပါနဲ့

“ ခင်ဗျားဟာ အလွန်အလိုက်ကန်းဆိုး မသိတဲ့လူပဲ . .
ကျွန်တော့်ဇနီး ကိုယ်ဝန်ရှိနေပြီလို့ ကျွန်တော်က ပြောတယ် . . .
ဘယ်သူ့ ဗိုက်လဲလို့ ခင်ဗျားက မေးတယ် . . ”
“ တောင်းပန်ပါတယ်ဗျာ . . ကျွန်တော်က ခင်ဗျားသိတယ်ထင်လို့  ပါ”

အကြမ်းဖက်သမား

မည်သည့်နိုင်ငံတွင် အရက်သမား ပိုများသနည်း ဆိုသည်ကို ဂေါ်ဘာချော့နှင့် ရေဂင်တို့ အလောင်းအစား လုပ်ကြသည် ၊
မော်စကိုသို့ ရေဂင်ရောက်လာသည် ၊ ၄င်းလက်ထဲသို့ နာမည်ကျော် "ကာလတ်ရှနီကော့" အော်တိုမက်တစ် ရိုင်ဖယ်တစ်လက် ထည့်ပေးလိုက်ပြီး
" မြို့ထဲလျှောက်ကြည့်ပါ . .အရက်သမားတွေ့ရင် ပစ်သာပစ်လိုက်ပါ" ဟု ဂေါ်ဘာချော့က ပြောသည်။
ရေဂင်သည် မော်စကိုမြို့လယ်ရှိ ရင်ပြင်နီသို့ထွက်လာသည်။
လီနင်အုန်ဂူရှေ့တွင် "ရေချိန်လွန်" နေသူ လူတန်းကြီးကိုတွေ့သည် ။
ကျည်ကပ် တစ်ကပ်ပြီးတစ်ကပ် ကုန်အောင် ရေဂင်ဆွဲချလိုက်သည် ။
ထို့နောက် ဂေါ်ဘာချော့ထံ ပြန်လာပြီး
" ခင်ဗျားတို့ဆီမှာ တွေ့သမျှလူတွေတိုင်း အရက်သမားတွေချည်းပါလား . .ကျုပ်တို့ဆီကို လာကြည့်စမ်းပါ"
"စိတ်ချ . . လာခဲ့မယ် . .လာကိုလာခဲ့မယ်" ဟု ဂေါ်ဘာချော့စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

ဂေါ်ဘာချော့ . .နယူးယောက်ကို ရောက်လာသည် ။ အမ် ၁၆ တစ်လက် ကိုင်ကာ မြို့ထဲလျှောက်သည်။
နေရာအနှံ့ "ဆေး" သမား များကိုသာ တွေ့သည်။
ညနေပိုင်းရောက်လာ သောအခါ ပင်ပန်းပြီး စိတ်တိုနေသော ဂေါ်ဘာချော့သည် ဘရောဒ်ဝေးဘက် တက်သည်။
မိုးပျံအဆောက်အအုံဧ။် အထပ် ၆၀ ခန့်တွင် တစ်ထပ်လုံးမီးလင်းနေပြီး ဆူညံသံပုလင်းကွဲသံများ ကြားရသည်။
"ဒီနေရာမှာ အရက်သမားတွေရှိမှာပဲ "ဟု တွေးကာ ယင်းအထပ်သို့ တက်သည် ၊
ရောက်သော် အရက်ဘားတစ်ခုဖြစ်နေပြီး လူ၅၀ ခန့် မူးရူးပျော်ပါးနေကြသည်ကိုတွေ့
သည်။အားလုံးလဲမူးနေသည်။
အားလုံးကို အမ်၁၆ ဖြင့်ဆွဲချလိုက်သည်။
နောက်တစ်နေ့သတင်းစာများတွင်
" နယူးယောက် ဘားတစ်ခုမှာ နဖူးပေါ်တွင် အမာရွတ်ပါသော အကြမ်းဖက်သမားတစ်ဦး
ဆိုဗီယက် သံရုံး ၀န်ထမ်းများအားလုံးကို ပစ်သတ်လိုက်ခြင်း" ခေါင်းစဉ်ဖြင့် မျက်နှာဖုံးသတင်း ပါလာလေသည်။

မယုံဘူးတဲ့

နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက မိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို
တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်းတိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင် မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်

အလှူခံ

ရေကူးကန် ဆောက်လုပ်ရေးအတွက် အလှူလာခံရာ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို အော်မေးသည် ။
"မိန်းမရေ ဘယ်လောက်လှူလိုက်ရမလဲ"
မိန်းမဖြစ်သူက
"ရေ၃ပုံးလှူလိုက်လေ"

အကောင်းမြင်သမား နဲ့ အဆိုးမြင်သမား

အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည် . . .
" ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . . .ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး"

အကောင်းမြင်သမားက အားတက်သရော ပြောသည် . .
"ရှိနိုင်သေးတယ် . . ရှိနိုင်သေးတယ်"

တစ်ဈေးထဲပဲ

ဆိုဗီယက် ကွန်မြူနစ်ခေတ်က ဖြစ်သည်။
အစ္စရေးရှိ အမျိုးများထံသို့ ဂျူးတစ်ယောက် စာရေးသည်။
“တို့ဆီမှာ ဘာမဆို ဈေးကြီးတယ် ၊ ကြက်တစ်ကီလိုကို ၇-ရူဘယ်တောင် ပေးရတယ်”

ဂျူးကို ကေဂျီဘီရုံးသုံး ဆင့်ခေါ်ကာ သတိပေးသည် ၊
“ ခင်ဗျား ဒီစာမျိုး ဆက်ရေးနေရင် အပြစ်ပေးရလိမ့်မယ်”

ကြောက်ကြောက်လန့်လန့် နဲ့ အိမ်ပြန်လာပြီး ဂျူးသည် မိမိဧ။် အဝေးရောက်ညီငယ်ထံ နောက်စာတစ်စောင်ရေးသည် ။

“ တို့ဆီမှာ ပဒေသာပင်ခေတ် ရောက်နေပြီ ၊
တစ်နေ့ ငါ ဈေးဘက်ထွက်သွားတော့ ဈေးထဲမှာ ဆင်ကြီး တစ်ကောင်ကို ၄-ရူဘယ်ထဲနဲ့ ရောင်းနေတာ တွေ့တယ် . .
ဈေး အင်မတန် ပေါတာပဲကွာ . . ဒါပေမယ့် ငါမှမလိုဘဲလေ လို့တွေးမိတယ် . .
နောက် ၃ရူဘယ် ထပ်ဖြည့်လိုက်ရင် ကြက်တစ်ကောင်ရပြီမဟုတ်လား ”



မှားလို့ပါ

မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .
“ ကိုင်း . . . အ၀တ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”
“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”

ခေါင်းရှုပ်မခံနိုင်ဘူး

ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ် ၊
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . .
ကလေးတစ်ယောက်မွေးဖို့ က ၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။

“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”

အမြစ်ရှာသလားလို့ပါ ...

တနေ့ မှာ အဖွား ကြီး တယောက် သွား ကိုက် ဝေဒနာ ကို အပြင်း အထန် ခံ စား နေရ ရှာ သ တဲ့...
နောက် ဆုံး မ ခံ စား နိုင် တာ နဲ့ .. ဆရာဝန် နဲ့ သွားပြ သတဲ့...
ဒါပေမယ့် ခက် တာ က သူပြ တဲ့ ဆရာဝန် က သွား ဆရာဝန် မဟုတ် ပဲ... O.g ဖြစ် နေတယ်..

အဘွားကြီး ။ ။ ကျွန်မ မခံ မရပ် နိုင် အောင် ကိုက် ခဲ နေ တာ ပဲ ဆရာရယ်
ဆရာဝန် ။ ။ ဟုတ်ကဲ့အဖွား..ကျွန်တော်သေသေချာချာ စစ် ဆေး ပေး ပါ့မယ်

ဆရာဝန် မှာ သေ သေ ချာ ချာ စစ် ဆေး ပြီး....

ဆရာဝန်။ ။ အဖွား ရ... ဘာမှ လည်း မဖြစ် ပါလား.....
အဘွားကြီး။ ။ မသိပါဘူး ဆရာရယ် သွားက တနေ့ထက်တနေ့ ပိုပို ပြီး ကိုက်လာလို့ လာ ဆေးခန်းလာပြတာ ပဲ....
ဆရာဝန်။ ။ အမ် အဖွား က သွား ကိုက် နေ တာ လား... ဘာ လို့ ကျွန်တော့ ကိုစောစော က မပြောလည်း.....
ထိုအခါ အဘွားကြီး ပြော လိုက်ပုံ က.........
အဘွားကြီး ။ ။ မသိဘူး လေ ဆရာရယ် ... ကျွန်မက .. သွား ရဲ့ အမြစ် ကိုရှာနေတာမှတ်လို့...

ခြေထောက်များသူ

တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။
အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုးပြည်လှသည် ။
အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။
တစ်နာရီ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။

တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။
မနီးမဝေးချုံထဲမှ လိပ်ထွက်လာပြီး စိတ်ဆိုးစွာပြောသည် ။

“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”

မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။
ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။

“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”

“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”

“ ဘာဆိုင်းဘုတ်လဲ ”

“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”

လေ့ကျင့်ခန်းလေးပါ

စိတ်ဝင်သားစရာသုံးခု